အပူပိုင်းနှင့် သမပိုင်းသီးနှံများ၊ ရှောက်မျိုးနွယ် အုပ်စုဝင် သီးနှံများ ထွက်နှုန်းကောင်မွန်လာစေရေး လုပ်ဆောင်ရန် တရုတ်နှင့် MOU ရေးထိုး

0
239

တရုတ်နှင့် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးထားသည့်အတွက် အပူပိုင်းနှင့် သမပိုင်းသီးနှံများ၊ ရှောက်မျိုးနွယ်အုပ်စုဝင်သီးနှံများ အထွက်ကောင်းစေရန် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံမှ Tropical and Subtropical Cash Crop Research Institute, Yunnan Academy of Agricultural Sciences နှင့် Myanmar Representative Office of the Chamber of Commerce of Dehong Prefecture ၊ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံမျိုးစေ့အသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ဒီဇင်ဘာ (၁၈) ရက်က နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နားလည်မှု စာချွန်လွှာအရ ရှောက်မျိုးနွယ်အုပ်စုဝင် သီးနှံများ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး ယင်းအပြင် အပူပိုင်းနှင့် သမပိုင်းသီးနှံများဖြစ်သည့် ကော်ဖီ၊ မက္ကဒေး မီးယား၊ ဟင်းသီးဟင်းရွက်၊ ငရုတ် အစရှိသည့်သီးနှံများကို ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင် သင်တန်းများပေးခြင်း၊ လေ့လာရေးခရီးစဉ်များ၊ သုတေသနလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပူးပေါင်းဆော င်ရွက်သွားရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

“သူတို့ဆီမှာက ရှောက်နွယ်အုပ်စုက တော်တော်ဖွံ့ဖြိုးတာလေ။ သူတို့ဆီက နည်းပညာတွေ ရမှာပေါ့။ သင်တန်းတွေအနေနဲ့က နှစ်ရှည်သင်တန်းတွေပေးဖို့ စီစဉ်တာတွေရှိတယ်။ အခု နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးတဲ့ အဆင့်ရှိတယ်။အဓိကအနေနဲ့က သီးနှံအထွက်ကောင်းလာမယ်၊ ရောဂါခံနိုင်တဲ့မျိုးတွေကို စိုက်ပျိုးတာတွေ ဖြစ်လာမယ်။ တောင်သူတွေအတွက် အများကြီးအကျိုးရှိလာမယ်” ဟု တာဝန်ရှိသူက ဆိုသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မိမိတို့၏ အားနည်းချက်၊ အားသာချက်ကို လေ့လာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here