မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်ခေါင်တွင် မြန်မာအပါအဝင် နိုင်ငံခြားသား (၅၀၀) ကျော် ဖမ်းဆီးခံရ

0
179

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား (၅၀၀) ကျော် အော်ပရာစီ စစ်ဆင်ရေးအနေဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေးအဖွဲ့ဖြစ်သည့် ကပုန်းလူမှုကူညီရေးအသင်းမှ သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လယ်ခေါင်တွင် ဒီဇင်ဘာ (၂၁)ရက် နံနက် (၁၁) နာရီခွဲအချိန်ခန့် လူစည်ကားချိန်မှ စတင်၍ မလေးရှားအာဏာပိုင်အဖွဲ့မှ လုံခြုံရေး အင်အား (၁၀၀၀) ခန့်နှင့် အော်ပရာစီ စစ်ဆင်ရေးအနေဖြင့် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိ မလေးရှားနိုင်ငံအတွင်းသို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အင်ဒိုနီးရှား လူမျိုးများ အပါဝင် တရားမဝင် နေထိုင်သူများကို အရေးယူလျက်ရှိရာ လာမည့် ခရစ္စမတ်နှင့် နှစ်သစ်ကူး ပွဲတော်ကာလတွင်လည်း အသွားအလာ နေထိုင်ဆင်ခြင်ကြရန် လိုအပ်‌ကြောင်း မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းက သတိပေး ပြောဆိုထားသည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံခြားသား (၅၀၀) ကျော်တွင် ဘင်္ဂလားဒေ့ရှ်လူမျိုးအများဆုံး ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသားများ ဒုတိယ အများဆုံးပါဝင်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးခံရသူများမှ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပါမစ်ရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်အတုဖြင့် နေထိုင်သူများ၊ အလုပ်လုပ်ခွင့်ပါမစ်အမျိုးအစားနှင့် အလုပ်အမျိုးအစား မတူသူများကို အရေးယူသွားရန်ရှိကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက် တရားမဝင် အရက်/ဘီ ယာရောင်းချခြင်း၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်ခြင်း၊ ဆေးပစ္စည်းရောင်းချခြင်းများ အပါအဝင် အခွန်မဆောင်ဘဲ စားသောက်ကုန်အတု တင်သွင်းသိုလှောင်သူများ ပါဝင်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here