Yangon Galaxy အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားပြီး သွင်းဂိုး (၂) ဂိုးရယူနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်း

0
173

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်းသည် MNL 2 Promotion Amateur Club Tournament 2023 ဘောလုံးပြိုင်ပွဲ(Group-B) အုပ်စု ဒုတိယပွဲစဉ်အဖြစ် ယနေ့ ဒီဇင်ဘာ (၂၂) ရက်တွင် Yangon Galaxy အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားပြီး သွင်းဂိုး (၂) ဂိုးရယူနိုင်ခဲ့သည်။

Yangon Galaxy အသင်းနှင့် Passion အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲစဉ်တွင် Yangon Galaxy အသင်းက ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။

Yangon Galaxy အသင်းအတွက် ဂိုးများကို ပွဲချိန် (၂၆) မိနစ်နှင့် (၆၁) မိနစ်တွင် ကြည်လင်း၊ (၄၂) မိနစ်နှင့် (၅၇) မိနစ်တွင် Gray Ham ၊ ပွဲချိန် (၅၀) မိနစ်တွင် Mg Top တို့က သွင်းယူပေးခဲ့ကြပြီး Passion အသင်းအတွက် ချေပဂိုးကို လှဘုန်းဦးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

Yangon Galaxy အသင်းသည် လာမည့် ဒီဇင်ဘာ (၂၄) ရက်၊ နံနက် (၈) နာရီ (၃၀)မိနစ် တွင် GOA Hmawbi အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အုပ်စုဗိုလ်နေရာအတွက်ကစားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here