မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်းသည် MNL 2 Promotion Amateur Club Tournament 2023 ဘောလုံးပြိုင်ပွဲ(Group-B) အုပ်စု ဒုတိယပွဲစဉ်အဖြစ် ယနေ့ ဒီဇင်ဘာ (၂၂) ရက်တွင် Yangon Galaxy အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားပြီး သွင်းဂိုး (၂) ဂိုးရယူနိုင်ခဲ့သည်။
Yangon Galaxy အသင်းနှင့် Passion အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲစဉ်တွင် Yangon Galaxy အသင်းက ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။
Yangon Galaxy အသင်းအတွက် ဂိုးများကို ပွဲချိန် (၂၆) မိနစ်နှင့် (၆၁) မိနစ်တွင် ကြည်လင်း၊ (၄၂) မိနစ်နှင့် (၅၇) မိနစ်တွင် Gray Ham ၊ ပွဲချိန် (၅၀) မိနစ်တွင် Mg Top တို့က သွင်းယူပေးခဲ့ကြပြီး Passion အသင်းအတွက် ချေပဂိုးကို လှဘုန်းဦးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
Yangon Galaxy အသင်းသည် လာမည့် ဒီဇင်ဘာ (၂၄) ရက်၊ နံနက် (၈) နာရီ (၃၀)မိနစ် တွင် GOA Hmawbi အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အုပ်စုဗိုလ်နေရာအတွက်ကစားရမည်ဖြစ်ကြောင်း သိရသည်။