ရန်ကုန်-ပြည်လမ်းမပေါ်တွင် ကရိန်းယာဉ်တစ်စီး ဓာတ်တိုင်ဝင်တိုက်မှုဖြစ်ပွား၊ ယာဉ်မောင်း ကားအတွင်းညှပ်မိနေ

0
156

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ အာယုဒီကကျောင်းတိုက်‌ရှေ့၊ ရန်ကုန်-ပြည်လမ်းမပေါ်တွင် ယမန်နေ့ ဒီဇင်ဘာ (၂၂)ရက် ည(၁၀)နာရီဝန်းကျင်အချိန်တွင် ကရိန်းယာဉ်တစ်စီးဓာတ်တိုင်အားဝင်ရောက်တိုက်မိပြီး၊ ယာဉ်မောင်းဖြစ်သူ ကားအတွင်းညှပ်မိနေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဓာတ်တိုင်နှင့် ယာဉ်အကြား ယာဉ်မောင်းဖြစ်သူ ညှပ်မိနေသဖြင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီကယ်ဆယ်ခဲ့သည်။

ကယ်ဆယ်ရာတွင် ကနဦး လျှပ်စစ်ဝန်ထမ်းများက ဓာတ်တိုင်ပြိုလဲ၍ ယာဉ်ပေါ်သို့ မပိမိ‌စေရန် နောက်ထပ်ကရိန်းယာဉ်တစ်စီးဖြင့် ဓာတ်တိုင်အားထောက်၍ ယာဉ်မောင်းအား ကယ်တင်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်‌မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား ပုလဲအရန်မီးသတ်တပ်ဖွဲ့ပိုင်သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here