အင်းစိန်မြို့သစ်ဈေးအနီးတွင် Box car တစ်စီးမှ လမ်းဖြတ်ကူးသူ အမျိုးသားအား ဝင်တိုက်မိခဲ့သည့်အတွက် ဒဏ်ရာအပြင်းအထန်ရ

0
152

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့သစ်ဈေးအနီးတွင် Box car တစ်စီးမှ လမ်းဖြတ်ကူးသူ အမျိုးသားအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာ ယင်းအမျိုးသားမှာ အနီရောင်အဆင့် စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

အင်းစိန်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ အင်းစိန်မြို့သစ်ဈေးအနီးတွင် ဒီဇင်ဘာ (၂၂) ရက်၊ ည (၇)နာရီ (၄၀) မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်နေရာသို့ တွဲလက်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွားကြောင်း ကြားသိရလို့ အခင်းဖြစ်ပွားရာကို အချိန်မှီ သွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား သက်ကြီးပိုင်းခန့်မှန်း အသက် (၆၀)ဝန်းကျင်ရှိ အနီရောင်အဆင့် ထိခိုက်ဒဏ်ရာ(စိုးရိမ်)ရအား အချိန်မီ သယ်ဆောင်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့က ဆိုသည်။

အခင်းဖြစ်‌ နေရာအရောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အသက် (၆၀)ဝန်းကျင်အရွယ် အမျိုးသားအား မြေပြင်ရှေးဦးပြုစုပေးကာ အင်းစိန်ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here