ထိုင်းနိုင်ငံတွင် ဆိုင်ကယ်စီးလာသည့်မြန်မာတစ်ဦး ကား ၂ဆင့် ဝင်တိုက်မိကာကွယ်လွန်

0
210

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ကထွန်ဘဲန်မြို့နယ်တွင်မြန်မာ နိုင်ငံသား (၁) ဦး ယာဉ်မတော်တဆမှုဖြစ်ပွားကာ ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စမွတ်စခွန်ခရိုင်၊ ကထွန်ဘဲန်မြို့နယ်၊ ခဲလိုင်ရပ်ကွက်၊ ခေါင်ခဲရမ်မြစ်ကမ်းရှိ ဗန်နမ်းကျွတ်လမ်းတွင် ဒီဇင်ဘာ (၂၀) ရက် နေ့လယ် (၂)နာရီခွဲခန့်က မြန်မာနိုင်သားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ပစ်ကပ်ကားတစ်စီးအား ဝင်တိုက်မိကာ ဆိုင်ကယ်မှာ ထိန်းမနိုင်ဘဲ တစ်ဖက်ခြမ်းမှ ထွက်လာသည့် (၁၀) ဘီးကားကြီးနှင့် ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်ကပ်ကားတစ်စီးက လမ်းသွယ်ထဲ ဝင်ရဖို့ စောင့်ဆိုင်းရပ်တန့်နေစဉ် ကားနောက်ကို မတော်တဆ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်က အရှိန်ထိန်းမနိုင်ဖြစ်ခဲ့ပြီး တစ်ဖက်ခြမ်းက ထွက်လာတဲ့ (၁၀) ဘီးကားရှေ့ကို ထပ်မံ ဝင်တိုက်မိခဲ့တယ်”ဟု ဆိုင်ကယ်နှင့်တိုက်မိခဲ့သည့် ကားယာဉ်မောင်း (၂) ဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ‌ေ-သဆုံးခဲ့ရသူမှာ မြန်မာလူမျိုး အသက် (၃၀)အရွယ် ရွှေသိန်း (ခ)ရွှေသင်း ဖြစ်ပြီး တာဝန်ရှိသူများမှ လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here