မူးယစ်ဆေးအဖမ်းအဆီးများ​နေ​သည့်ကြား ရှမ်းပြည်မှ ရန်ကုန်သို့ ငွေကျပ် (၁) ဘီလီယံကျော်တန်ဖိုးရှိမူး​ယစ်ဆေးဝါးများပို့ရာ မန်းတွင်ဖမ်းဆီးရမိ

0
143

ရှမ်းပြည်နယ်မှ ရန်ကုန်သို့ ပို့မည့် ငွေကျပ် (၁)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာလ (၁၉) ရက်၊ ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်းနှင့် ၆၅ လမ်းထောင့်တွင် ဟိန်းထက်အောင် မောင်းနှင်လာသည့် MARK II မော်တော်ယာဉ်ကို ရှာဖွေခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ယင်းနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ရန်ကုန်- မန္တလေးလမ်းနှင့် ရန်အောင်မင်္ဂလာလမ်းထောင့်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မရှမ်းမ(ခ)မနန်းရွှေလူ အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည် ထို အိုက်စ်(မက်သ်အဖက်တမင်း) များမှာ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here