အာဆီယံခရီးသွားပြပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ပြသမည်

0
197

လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် လာအိုနိုင်ငံ၌ ကျင်းပမည့် အာဆီယံခရီးသွားပြပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ပြသရန် ပြင်ဆင်နေကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ခရီးသွားပြပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ကုမ္ပဏီ (၄) ခုမှ မြန်မာနိုင်ငံကိုယ်စားပြု၍ ခရီးစဉ်ဒေသများကို သွားရောက်ပြသမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံခရီးသွားပြပွဲကို အာဆီယံ (၁၀) နိုင်ငံ၌ အလှည့်ကျ ကျင်းပနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် လာအိုနိုင်ငံတွင် ကျင်းပခြင်းဖြစ်သည်။

ထို့ပြင် ယခုနှစ် ခရီးသွားရာသီတွင် ပြည်ပခရီးသွားဧည့်သည်များ အားရစရာကောင်းလောက်အောင် တိုးတက်ဝင်ရောက်လာခြင်းမရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀) လအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည့် (၁)သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

ပြည်ပခရီးသွားအများစုသည် နယ်စပ်ဒေသမှတဆင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး နယ်စပ်ဒေသနှင့် လေဆိပ်တို့မှ ခရီးသွားဝင်ရောက်မှုကို ကြည့်ပါက အားရစရာကောင်းလောက်သည့် အခြေအနေမရှိကြောင်း သိရသည်။

ယခုနှစ် ခရီးသွားရာသီတွင် ပြည်ပခရီးသွားဧည့်သည် (၅) သိန်းမှ (၁) သန်းအထိ မျှော်လင့်ထားသော်လည်း လက်ရှိအချိန်ထိ ရန်ကုန်လေဆိပ်မှတဆင့် ဝင်ရောက်သည့် ခရီးသည် (၂) သိန်းကျော်လောက်သာ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here