မြန်မာနိုင်ငံသားများ လိုက်ပါသွားသည့် THE RUEN သင်္ဘော ပြန်ပေးဆွဲခံထားရဟုဆို

0
278

မြန်မာသင်္ဘောသားများ လိုက်ပါစီးနင်း အလုပ်လုပ်ကိုင်နေသည့် THE RUEN သင်္ဘောသည် ပြန်ပေးဆွဲခံရကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် – MSF မှသိရသည်။

ပြန်ပေးဆွဲ့ခံရသည့် သင်္ဘောပေါ်သည် ဘူလ်ဂေးရီးယားနိုင်ငံပိုင် သင်္ဘောဖြစ်ပြီး ယီမင်ကမ်းခြေအနီး အာရေဗျပင်လယ်တွင် ခုတ်မောင်းနေစဉ် ဆိုမာလီပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် ဘူလ်ဂေးရီးယားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား သင်္ဘောသား (၁၈) ဦး လိုက်ပါသွားပြီး မြန်မာပြည်မှ လိုက်ပါသွားသည့် သင်္ဘောသားများ၏ အချက်အလက်များကို စုံစမ်းနေကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် – MSF မှ သိရသည်။

လက်ရှိတွင် ယင်းသင်္ဘောပေါ် လိုက်ပါလုပ်ကိုင်နေသည့် သင်္ဘေသားများမှာ ယခုချိန်အထိ ထိခိုက်ဒဏ်ရာရမှု မရှိသေးကြောင် ကနဦးသတင်းများအရ သိရသည်။

” လက်ရှိတော့ သင်္ဘောပေါ်ပါသွားတဲ့ သင်္ဘောသားတွေရဲ့ မိသားစုဝင်တွေက လာပြီးအကြောင်းကြားထားတာမရှိသေးဘူး။ ကိုယ့်ဘာသာ သိထားတာပေါ့။ သက်ဆိုင်ရာကုမ္ပဏီတွေက ပြန်ရွေးဖို့လုပ်နေကြတာ ဖြစ်ပါလိမ့်မယ်။ ဒီကိုလာပြီးအကြောင်းကြားမှ ကျွန်တော်တို့က လုပ်ပေးလို့ရမှာပါ” ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် – MSF မှ ဒုတိယဥက္က ဦးဟုတ်စွမ်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ဆိုမားလီးယား ပင်လယ်ဓားပြများသည် သင်္ဘောကို သင့်တော်သည့် နေရာတွင် ကျောက်ချပြီး ပြန်ရွေးခိုင်းသည့် ကိစ္စကို ဆက်လုပ်လိမ့်မည်ဟု ယူဆထားကြောင်း ကပ္ပတိန်တစ်ဦးက ပြောကြားထားသည်။

ထို့အပြင် လွတ်မြောက်ရေးလုပ်ငန်းစဉ်အတွက် သက်ဆိုင် ရာကုမ္ပဏီဘက်မှ လုပ်နေသည့်အတွက် အချိန်ကာလပြောရန်ခက်ခဲ‌ကြောင်း၊ သို့သော် တစ်ချိန်တည်း၌ မြန်မာပြည်တွင်ရှိနေသည့် ကိုယ်စားလှယ်သည်လည်း မိသားစုကို အကျိုးအကြောင်း ပြောကြားထားပြီးဖြစ်ကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသည့် သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာပြီး ဒီဇင်ဘာ (၄) ရက်တွင် စင်္ကာပူနိုင်ငံ၌ ခေတ္တဆိုက်ကပ်ခဲ့ပြီး တူရကီနိုင်ငံ၊ ဂမ်လစ်မြို့တွင် နောက်ဆုံးဆိုက်ကပ်မည့် သင်္ဘောဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here