မြန်မာနိုင်ငံမှ သစ်သီးဝလံများကို တရုတ်နိုင်ငံ ကွမ်ရှီးဒေသသို့ နမူနာတင်သွင်းခွင့်ရရှိရေး ဆွေးနွေး

0
178

မြန်မာနိုင်ငံမှ သစ်သီးဝလံများကို တရုတ်နိုင်ငံ ကွမ်ရှီးဒေသသို့ နမူနာတင်သွင်းခွင့်ရရှိရေးနှင့် မြန်မာ့သစ်သီးဝလံ မိတ်ဆက်ပွဲ ကျင်းပနိုင်ရေးတို့နှင့် ပတ်သက်၍ မြန်မာကောင်စစ် ဝန်ချုပ်နှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်း အကောက်ခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်း အကောက်ခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Baoqing နှင့် အဖွဲ့တို့ ဒီဇင်ဘာ (၁၉) ရက်၊ ညနေ (၃) နာရီက နန်နင်းအကောက်ခွန်ဌာန၊ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံမှ သစ်သီးဝလံများကို ကွမ်ရှီးဒေသသို့ နမူနာတင်သွင်းခွင့်ရရှိရေးနှင့် မြန်မာ့သစ်သီးဝလံမိတ်ဆက်ပွဲ ကျင်းပနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆွေးနွေးရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Yang Baoqing က မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသတို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားနိုင်ရေး၊ အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် E-certificate ကို အသုံးပြုသည့် နည်းလမ်းများနှင့် Sanitary and Phytosanity (SPS) measures များ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် တရုတ်-အာဆီယံ အစားအစာဘေးကင်းလုံခြုံရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး နှစ်ဖက် ပူပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများနှင့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here