အသင်းသမိုင်းတလျောက် ပထမဆုံး ကလပ်ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့မန်စီးတီး

0
275

အင်္ဂလန် ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ သူတို့ရဲ့ အသင်းသမိုင်းတလျောက် ပထမဆုံး ကလပ်ကမ္ဘာ့ဖလားကို ရရှိခဲ့ပါပြီ။

ဘရာဇီးကလပ် ဖလူမင်နီးစ်နဲ့ အင်္ဂလန်ကလပ်တို့ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ရာမှာ မန်စီးတီးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိင်ကစားပြီး အသင်းသမိုင်းတလျောက် ပထမဆုံး ကလပ်ကမ္ဘာ့ဖလားကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ကလပ်ကမ္ဘာ့ဖလားကို မန်စီးတီးတို့ ရရှိအပြီးမှာ အသင်းနည်းပြ ဂွါဒီယိုလာကလည်း မတူညီတဲ့ ကလပ် (၃) သင်းနဲ့ ကလပ်ကမ္ဘာ့ဖလား (၄) ကြိမ်ရယူနိုင်တဲ့ နည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ကလပ်ကမ္ဘာ့ဖလားကို ရရှိဖူးတဲ့ အင်္ဂလန်အသင်းတွေအနေနဲ့ လက်ရှိမှာဆိုရင် မန်ယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ စာရင်းဝင်သွားပြီလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here