ပျူခေတ်မှ ယနေ့အထိ မြန်မာ့သမိုင်းစာတမ်းများ ပြုစုလျက်ရှိရာ ခေတ်လေးခေတ်အကြောင်း ရေးသားပြီးစီး

0
205

မြန်မာ့သမိုင်းကို တစ်ဆက်တစ်စပ်တည်း အမှန်အတိုင်း သိရှိနိုင်ရန်အတွက် ပျူခေတ်မှစ၍ ယနေ့အချိန်အထိ စာတမ်းများပြုစုလျက်ရှိရာ ခေတ်လေးခေတ်အကြောင်းကို ရေးသားပြီးစီးပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ရေးသားနိုင်ရန်အတွက် စာပေအထောက်အထားများ၊ ကွင်းဆင်းသုတေသန အစီရင်ခံစာများ၊ တူးဖော်တွေ့ရှိချက်များ၊ ကျောက်စာများကို အခြေခံကာ ဝန်ကြီးဌာနနှင့် ပြင်ပပညာရှင်များက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ပျူခေတ်ကတော့ ရေးသားဆဲပါ။ ပုဂံခေတ်ကတော့ ရေးပြီးသွားပြီ။ စစ်ကိုင်း၊ အင်းဝနဲ့ ညောင်ရမ်းခေတ်လည်း ပြီးသွားပြီ။ ကုန်းဘောင်ခေတ်ကလည်း တချို့တစ်ဝက်ပြီးသွားပြီ” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းဦးက ပြောသည်။

စာတမ်းပြုစုသည့် ရည်ရွယ်ချက်မှာ မြန်မာ့သမိုင်းကို အမှန်အတိုင်း သိရှိရန်၊ ပြည်ထောင်စု စိတ်ဓာတ်များ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်း ဖြစ်စဉ်များကို ပြန်လည်သိရှိလာပြီး ထိန်းသိမ်းနိုင်စေရန် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့သမိုင်းစဉ် တစ်လျှောက်၌ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှစ၍ ပျူခေတ် ကာလအထိ သမိုင်းကြောင်းအစဉ်အဆက်ဖြတ်သန်းခဲ့သော ပျူလူမျိုးများ ၏ မျိုးရိုးဗီဇများနှင့် ယနေ့ခေတ်ကာလ လူမျိုးများ၏ မျိုးရိုးဗီဇကိုလည်း နှိုင်းယှဉ်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here