ရုရှား၏ စီးပွားရေးသည် ပိတ်ဆို့ဒဏ်ခတ်မှုများကြားမှ ပြန်လည်ရုန်းထနိုင်

0
211

မော်စကို၊ဒီဇင်ဘာ ၂၂

အနောက်အုပ်စု၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြားမှပင် ရုရှား၏စီးပွားရေးသည် ပြန်လည်ရုန်းထလာနိုင်ပြီး ယူကရိန်းစစ်အားဆက်လက်ဆင်နွှဲသွားနိုင်သည်ဟုခန့်မှန်းလျက်ရှိကြသည်။

ကျွမ်းကျင်သူများ၏ခန့်မှန်းချက်များအရ ရုရှားသည် ပိတ်ဆို့ဒဏ်ခတ်ခံထားရသော်လည်း နိုင်ငံ့ GDP သည် ကျဆင်းသွားခြင်းမရှိသည့်အပြင် လာမည့်နှစ်၌ ၁ မှ ၃ ရာခိုင်နှုန်းအထိတိုးတက်လာနိုင်ကြောင်းခန့်မှန်းထားသဖြင့် ရုရှားအနေဖြင့် ယူကရိန်းအရေးအတွက် ဘဏ္ဍာငွေကြေးအတွက် ပူပန်စရာမရှိသေးကြောင်းလည်းသိရသည်။

ပြီးခဲ့သည့်လကလည်း သမ္မတပူတင်သည် နောက်သုံးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဘတ်ဂျက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းဘတ်ဂျက်တွင် မူလကာကွယ်ရေးအသုံးစရိတ်အား ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိတိုးမြှင့်ခဲ့သည်ဟုလည်းသိရသည်။

ရုရှားသည်လက်ရှိအချိန်၌ ပိတ်ဆို့ဒဏ်ခတ်မှုအများဆုံးပြုလုပ်ခံထားရသည့်နိုင်ငံလည်းဖြစ်သည်။သို့သော် အချို့သောကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းချက်အရ အနောက်အုပ်စု၏ ရုရှားအပေါ်ပိတ်ဆို့ဒဏ်ခတ်မှုများသည် မ​အောင်မြင်ကြောင်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here