မီးသွေးဖုတ်စက်တစ်မျိုးကို ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက တီထွင်ထုတ်လုပ်

0
435

မီးသွေးဖုတ်လုပ်ငန်းကို အပြောင်းအလဲဖြစ်စေနိုင်မည့် မီးသွေးကို စီးပွားဖြစ်ထုတ်လုပ်နိုင်သော စက်အမျိုးအစားတစ်မျိုးကို ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက တီထွင်ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။

အဆိုပါစက်ကို လုပ်ငန်းရှင် ဦးကိုဦးက တီထွင်ဖန်တီး ရောင်းချနေခြင်းဖြစ်ကာ တစ်နိုင်တစ်ပိုင် မီးသွေးဖုတ်လုပ်ငန်းကို လုပ်ကိုင်မည့် လောင်စရာပစ္စည်း မည်သည့်ပစ္စည်းမဆို မီးသွေးအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

အ‌ဆိုပါ အသေးစား မီးသွေးဖုတ်စက်သည် (၁ဝ) နာရီအတွင်း တစ်တန်ထွက်ရှိမည်ဖြစ်ပြီး ယင်းစက်ကို ငွေကျပ်၂၅ သိန်းမှစ၍ ဝယ်ယူနိုင်ကြောင်း သိရသည်။

“အလုပ်လုပ်ပုံ အနေနဲ့ ဒီစက်က ဘယ်နေရာက ပစ္စည်းကိုမဆို မီးသွေးဖြစ်အောင် လုပ်ပေးတယ်။ ထင်းတစ်ခုတည်းက မဟုတ်တော့ဘဲ လောင်စရာပစ္စည်းမှန်သမျှ မီးသွေးဖြစ်တယ်လေ။ မီးရှို့လို့ရတဲ့ပစ္စည်းမှန်သမျှ သစ်ရွက်ခြောက်ကအစ ရတယ်”ဟု ဦးကိုဦးက ပြောသည်။

၎င်းအနေဖြင့် စပါးခွံလောင်စာတောင့်သုံး Gasifier အမျိုးအစားကိုလည်း တီထွင်ထားပြီး စိတ်ဝင်စားမှု မြင့်တက်နေကြောင်း သိရသည်။

ဖန်တီးမှုများသည် ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မီးသွေးစက်ကို ဝယ်ယူသူများလည်း ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here