အိန္ဒိယလူမျိုး ၃၀၀ ကျော် စီးနင်းလိုက်ပါလာသော နီကာရာဂွါ သို့ ပျံသန်းမည့် လေယာဉ်တစ်စီးကို ပြင်သစ်က တားမြစ်ထား

0
213

အိန္ဒိယခရီးသည် ၃၀၃ ဦး တင်ဆောင်လာသော နီကာရာဂွါသို့ ဦးတည်ပျံသန်းမည့် စင်းလုံးငှားလေယာဉ်တစ်စီး ပြင်သစ်လေဆိပ်တွင် ခေတ္တဆင်းသက်ခဲ့စဉ် ယင်းလေယာဉ်ဆက်လက်ပျံသန်းခွင့်ကို ပြင်သစ်လေကြောင်း အာဏာပိုင်များက တားမြစ်ထားပြီး ခရီးစဉ်၏ အခြေအနေများနှင့် ရည်ရွယ်ချက်များအတွက် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်နေကြောင်း ပြင်သစ်နိုင်ငံ Marne ဒေသ အရှေ့ပိုင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက သောကြာနေ့က ပြောကြားခဲ့သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့တစ်ဖွဲ့သည် လူကုန်ကူးမှုဆိုင်ရာ သံသယများကို စုံစမ်းစစ်ဆေးနေပြီး လေယာဉ်ပေါ်ပါ လူနှစ်ဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားကြောင်း ပါရီမြို့ အများပြည်သူဆိုင်ရာ တရားစွဲဆိုရေးရုံးက ပြောကြားခဲ့သည်။

ရိုမေးနီးယား စင်းလုံးငှားကုမ္ပဏီ Legend လေကြောင်းလိုင်းပိုင် အဆိုပါ လေယာဉ်သည် နည်းပညာပိုင်းဆိုင်ရာ ရပ်တန့်ရန်အတွက် ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် ဒူဘိုင်းမြို့ငယ်လေးသို့ ဆင်းသက်ခဲ့ကာ ယင်းမှထွက်ခွာလာခြင်းဖြစ်ကြောင်း Marne စီရင်စုရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းဌာနများက ပေးပို့သော မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများကို ယင်း လေကြောင်းလိုင်းက တုံ့ပြန်ခြင်းမရှိပေ။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သတင်းဌာနမျာ၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်ခြင်းမရှိသေးချေ။

Source: France grounds aircraft bound to Nicaragua with some 300 Indians on board(Reuters)


LEAVE A REPLY

Please enter your comment!
Please enter your name here