ဖျာပုံမှငါးတန်များအကြိုက်များကာ ရန်ကုန်ဈေးကွက်သို့ ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

0
284

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးတန်(ငဒန်) ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ငါးမျိုးစုံရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင်များထံမှ သိရသည်။

အောက်တိုဘာလအတွင်းက ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးတန်ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ (၁) ရက်နေ့မှ (၃၀) ရက်ထိ ငါးတန်ပိဿာချိန် ၃၄၀၀၀ ထိ တိုးမြှင့်တင်ပို့ ရောင်းချခဲ့ရကြောင်း သိရသည်။

“နိုဝင်ဘာလအတွင်းက ငါးတန်တွေ ဝယ်လိုအားကောင်းခဲ့တယ်။ လက်ရှိ ဒီဇင်ဘာလထဲမှာလဲ ဝယ်လိုအားကောင်းနေတဲ့ အခြေအနေရှိပါတယ်”ဟု ဖျာပုံမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ထက်ထက်က ပြောသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးတန် ၁၀ ပိဿာလျှင် ငွေကျပ် ၈၅၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ဖျာပုံမြို့နယ်ကနေ မွေးမြူရေး ငါးတန်ကော၊ သဘာဝအတိုင်း ဖမ်းယူရရှိတဲ့ ငါးတန်ကော တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ကနေတဆင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနေတာပါ”ဟု ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here