မိုင်းဖုန်း ဆရာတော်၏ သက်တော် (၆၀) ပြည့် ဝိဇာတမွေးနေ့ကို တာချီလိတ်မြို့တွင် ကျင်းပမည်

0
467

သက်တော်(၆၀)နှစ်ပြည့်အဖြစ် မိုင်းဖုန်းဆရာတော်ကြီး၏ ဝိဇာတမွေးနေ့ မင်္ဂလာအား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာရွာရှိ လွန်းလိန်သာသနာ့မြေတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁)ရက်မှ (၆) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ (၁) ရက်၊ (၂) ရက်၊ (၃) ရက် နံနက် (၄) နာရီတွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံထဲတွင် ဆွမ်းတော်ဆပ်ကပ်လှူဒါန်းခြင်း နံနက် (၉) နာရီတွင် ပူတာအိုစေတီတော်အတွင်းသို့ ကျောက်တုံး၊ ကျောက်ခဲများ ထည့်လှူခြင်း၊ နံနက် (၁၁) နာရီနှင့် မွန်းလွဲ (၃) နာရီတွင် ပန်းခြံတရားဟောစင်မြင့်တွင် မိုင်းဖုန်းဆရာတော် တရားဟောခြင်း၊ ညနေ (၆) နာရီ နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်နှင့်အတူ ဘုရားဝတ်တက်ခြင်း ပြုလုပ်မည်ဖြစ်သည်။

ဇန်နဝါရီ (၄) ရက် နံနက် (၄) နာရီတွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံထဲတွင် ဆွမ်းတော်ဆပ်ကပ်လှူဒါန်းခြင်း နံနက် (၁၁) နာရီတွင် ဆရာတော် သက်တော် (၆၀)ပြည့် စေတီတော်အား ထီးတော်တင်လှူခြင်း၊ မွန်းလွဲ (၃)နာရီ ပန်းခြံတရားဟောစင်မြင့်တွင် မိုင်းဖုန်းဆရာတော်ဘုရားမှ တရားဟောခြင်း၊ ညနေ (၆) နာရီ နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်နှင့်အတူ ဘုရားဝတ်တက်ခြင်း ပြုလုပ်မည်ဖြစ်သည်။

ဇန်နဝါရီ (၅) ရက် နံနက် (၄) နာရီတွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံထဲတွင် ဆွမ်းတော်ဆပ်ကပ်လှူဒါန်းခြင်း၊ နံနက် (၉)နာရီ နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်အား ကံဇာတာထပ် မင်္ဂလာပြုခြင်း၊ မွန်းလွဲ (၃) နာရီ ပန်းခြံတရားဟောစင်မှ မိုင်းဖုန်းဆရာတော်အား ဝေါယာဉ်ဖြင့် ရေသွန်းမဏ္ဍပ်သို့ ပင့်ဆောင်ခြင်း၊ ပြုလုပ်မည်ဖြစ်သည်။

မိုင်းဖုန်း ဆရာတော် ဘုရားအနေဖြင့် ၎င်း၏ မွေးနေ့ ဇန်နဝါရီ (၅) ရက်တွင် စကားမပြောဘဲ ဝဇီပိတ်နေထိုင်သီတင်းသုံးမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇန်နဝါရီ (၆) ရက် နံနက် (၉)နာရီ၌ နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်အား လာရောက်ကန်တော့ခြင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဝိဇာတ မွေးနေ့မင်္ဂလာ သတ်မှတ်ရက်များအတွင်း၌ ကန့်သတ်နေရာများတွင် ဈေးရောင်းချခြင်းများ မပြုလုပ်ရန် နှင့် ဈေးရောင်းချရန် နေရာများကို ဝမ့်မိုင် ၊ လွန်းစိုင်းရှိ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီဝန်းဘက်တွင် သတ်မှတ်ပေးထားကြောင်း အကျိုးတော်ဆောင်များက အသိပေးထားရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here