ယနေ့ ဘရော်နီကာနှင့် မွေထိုင်းလက်ဝှေ့မယ် တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

0
285

Fight Queen’s Cup ဖိုင်နယ် ဗိုလ်လုပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ(၂၄)ရက်တွင် စတင်မည်ဖြစ်ရာ၊ ကယန်းမွေထိုင်းလက်ဝွေ့မယ် ဘရော်နီကာနှင့် ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝွေမယ် Phayasingha တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ယခုနှစ်အတွက် ထိုင်းဘုရင့်ဖလားဗိုလ်လုပွဲကို ယနေ့ ညနေ (၆)နာရီမှ ည (၉) နာရီ မိနစ်(၄၀) အချိန်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗိုလ်လုပွဲအတွက် ဆေးစစ်ဝိတ်ချိန်ပြီးပြီဖြစ်ကြောင်း ဘရော်နီကာ က သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က မျှဝေအသိပေးထားသည်။

ထို့အပြင် သူမက ဗိုလ်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် အကောင်းဆုံးကြိုးစားမည်ဖြစ်ကာ ကြည့်ရှု့အားပေးဖို့မမေ့ကြရန်လည်း နှိုးဆော်ထားသည်။

အဆိုပါ Fight Queen’s Cup ပြိုင်ပွဲကို Thai Fight က ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး Beer Chang၊ ISUZU ကုမ္ပဏီတို့အပါအဝင် ထိုင်းနိုင်ငံအတွင်းအခြေစိုက်ထားသော ကုမ္ပဏီပေါင်း (၈)ခုက ကူညီထောက်ပံ့ပေးထားခြင်းဖြစ်သည်။

Thai Fight Queen’s Cup ပြိုင်ပွဲသို့ ထိုင်းရောက် မြန်မာနိုင်ငံသားများ လာရောက်အားပေးရန် ထိုင်းနိုင်ငံအတွင်း ကားများအကြိုအပို့ စီစဉ်ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ကားကြိုပို့ စီစဉ်မှုအတွက် ဘရော်နီကာကို အားပေးသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့က စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

သူမသည် 2022 Thai Fight Queen’s Cup ပြိုင်ပွဲတွင် ချန်ပီယံဆုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး၊ ယခုနှစ် အောက်တိုဘာ (၃၀) ရက်က ထိုးသ-တ်ခဲ့သော ပွဲစဉ်တွင် ယခုထပ်မံ ယှဉ်ပြိုင်ထိုးသ-တ်မည့် မွေထိုင်းလက်ဝှေ့မယ်ကို သုံးချီ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here