အခြေခံပညာ ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲတွင် ကမာရွတ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ပထမဆုများရရှိ

0
274

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲတွင် ကမာရွတ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ပထမဆုများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ဒီဇင်ဘာ (၂၂) ရက်နှင့် (၂၃)ရက်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အသင်းခေါင်းဆောင် ကျွမ်းကျင်မှုဆု (ကျိုင်းဆု) ပထမဆုကို ကမာရွတ်မြို့နယ် အခြေခံပညာအထက်တန်း (လေ့ကျင့်ရေး) ကျောင်း၊ ဒုတိယဆုကို မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ တတိယဆုကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတို့မှ အသင်းခေါင်းဆောင်များက ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘင်ခရာအသင်းလိုက် ပြိုင်ပွဲများတွင် ပထမဆုကို ကမာရွတ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းကရရှိခဲ့ပြီး ဒုတိယဆုကို လသာမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ တတိယဆုကို ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတို့ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အခြေခံပညာ အထက်တန်းကျောင်း(၁၁) ကျောင်းမှ ဘင်ခရာအဖွဲ့ (၁၁) ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here