မန္တလေးတွင် ဆိုင်ကယ်စီးလာသူတစ်ဦး လမ်းပေါ်ရှိ အင်တာနက်ဝိုင်ဖိုင်ကြိုးဖြင့် ငြိမိကာ ဆိုင်ကယ်ပေါ်မှ လမ်းမပေါ်သို့ ပြုတ်ကျ၊ ဝိုင်ဖိုင်ကြိုး​ကြောင့် ထိခိုက်မူများ များလာ

0
171

မန္တလေးမြို့၊ (၈၄) လမ်း၊ (၃၆) လမ်းနှင့် (၃၇) လမ်းကြားတွင် ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးမှာ လမ်းပေါ် ၌ သွယ်တန်းထားသည့် Internet Wi-Fi ကြိုးဖြင့် ငြိမိကာဆိုင်ကယ်ပေါ်မှ လမ်းမပေါ်သို့ ပြုတ်ကျပြီး ဒဏ်ရာများရရှိခဲ့ကြောင်း “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှ သိရသည်။

ဒီဇင်ဘာ (၂၃)ရက်က မန္တလေးမြို့ (၈၄) လမ်း၊ (၃၆) လမ်းနှင့် (၃၇) လမ်းကြားတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကြောင်း သတင်းအရ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Wi-Fi ကြိုးနဲ့ ငြိပြီး ဆိုင်ကယ်ပေါ်ကနေ လမ်းမပေါ် ပြုတ်ကျတာ၊ ဒဏ်ရာတွေ ရရှိခဲ့လို့ လိုအပ်တဲ့ ကုသမှုတွေပေးပြီး ကူညီခဲ့ပါတယ်။ Wi-Fi ကြိုးနဲ့ ငြိပြီး Accident ဖြစ်လို့ ကူညီရတာ (၃) ကြိမ်ရှိပါပြီ”ဟု “မဏီစလ”လူမှုကူညီရေးအသင်း (မန္တလေး)မှ တာဝန်ရှိသူက ပြောဆိုသည်။

ဆိုင်ကယ်စီးလာသော အမျိုးသားမှာ Internet Wi-Fi ကြိုးဖြင့် ငြိမိခဲ့သည့်အတွက် လည်ပင်းတွင် ပြ-တ်ရှပွန်းပဲ့များရရှိခဲ့သည့်အပြင် ဆိုင်ကယ်ပေါ်မှ လမ်းမပေါ်သို့ ပြုတ်ကျခဲ့သည့်အတွက် ဒဏ်ရာများရရှိခဲ့သောကြောင့် မြေပြင်ဆေးကုသမှုများ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။ 

ထိုသို့ Wi-Fi ကြိုးဖြင့် ငြိကာ Accident ဖြစ်ပွားမှုမှာ “မဏီစလ”အသင်းရုံးအနေဖြင့် (၃) ကြိမ်တိုင် ကူညီဆောင်ရွက်ခဲ့ပြီးဖြစ်၍ Wi-Fi ကုမ္မဏီများအနေဖြင့် လမ်းသွားပြည်သူတို့၏ အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေး ဆောင်ရွက်ပေးကြပါရန် အသင်းမှ မေတ္တာရပ်ခံ အသိပေးအပ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here