ပဲခူးမြို့ လိပ်ပြာကန်လမ်း(၃၀)အကွေ့၌ ဆိုင်ကယ်တိမ်းမှောက်ရာမှ ဆိုင်ကယ်မောင်းသူ လူငယ်တစ်ဦး ‌ေ-သဆုံး

0
212

ပဲခူးမြို့ ၊ လိပ်ပြာကန် လမ်း(၃၀)အကွေ့၌ ဆိုင်ကယ်တစ်စီးမှာ အရှိန်လွန်ပြီး လမ်းလယ်ကျွန်းအား ဝင်တိုက်မိရာ တိမ်းမှောက်ခဲ့ရာမှ ဆိုင်ကယ်မောင်းသူ လူငယ်မှာအခင်းဖြစ်ရာနေရာတွင် ‌ေ-သဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ (၂၃)ရက်၊ ည (၁၁)နာရီ အချိန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးကြောင်း သိရသည်။

“အဲဒီအကွေ့မှာ ရောင်ပြန်လေးတွေ ထင်ထင်ရှားရှားထားစေချင်တယ်။ မကြာခဏ ဝင်တိုက်ကြတယ်။”ဟု ဒေသခံ တစ်ဦးမှ မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ‌ေ-သဆုံးသွားသော အမျိုးသား၏ နေရပ်၊ လိပ်စာ မသိရှိရသေးကြောင်း ကနဦး သတင်းများအရ သိရသည်။

‌ေ-သဆုံးသူ လူငယ်၏ မိဘဆွေမျိုးများနှင့် နီးစပ်သူ မိတ်သူ များအနေဖြင့် ပဲခူးဆေးရုံသို့ ဆက်သွယ်ပေးရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here