အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်အသိပေးထား

0
209

၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ်အဝေးသင်များကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနက ဒီဇင်ဘာလ (၂၃) ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်မှ ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒုတိယနှစ်နှင့်အထက် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်မှ မေလ (၁၇) ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ နေ့သင်တန်းများ အားလုံးကိုလည်း စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here