အွန်လိုင်းစနစ်ဖြင့် ရွေအရောင်းအဝယ်ပြုလုပ်ရန် ရန်ကုန်ရွှေအသင်း စီစဉ်နေ

0
199

ဒီဂျစ်တယ်အခြေပြု အွန်လိုင်းစနစ်ဖြင့် ရွှေအရောင်းအဝယ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။

အဆိုပါ စနစ်ကို လာမည့် ၂၀၂၄ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ က ပြောသည်။

“အွန်လိုင်းကနေ အရောင်းအဝယ်ပြုလုပ်နိုင်မယ့် ဒီဂျစ်တယ်အခြေပြု ရွှေဈေးကွက်ကို လာမယ့်နှစ်မှာ ဖော်ဆောင်သွားဖို့ ရှိပါတယ်။ အခုလောလောဆယ် ဒီစနစ်ကို UAB ဘဏ်နဲ့ ချိတ်ဆက်သွားမယ်။ ပြီးတော့ ဒီနှစ်ထဲမှာပဲ UAB ဘဏ်နဲ့ရွှေဘုံသာ အခေါက်ရွှေဆိုင်တို့က ပူးပေါင်းပြီးတော့ မိုဘိုင်းအပလီကေးရှင်းကနေတဆင့် ရွှေအရောင်းအဝယ်ပြုလုပ်လို့ရတဲ့ဟာကို မိတ်ဆက်ထားတာရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် ရန်ကုန်ရွှေဈေးကွက်အတွင်းသို့ ဒေသအသီးသီးမှ ရွှေကုန်ကြမ်းများ ဝင်ရောက်လာသည့်အတွက် ဈေးအကျဘက်သို့ ရောက်ရှိလာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ယခုတစ်ပတ် ဈေးကွက်ပိတ်ချိန် YGEA အသင်းမှ ထုတ်ပြန်ထားသည့် အကယ်ဒမီ မီးလင်းရွှေ ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၃၇ သိန်းကျော်ရှိပြီး ပြင်ပ‌ရွှေဈေးကွက်နှင့် အတူတူဖြစ်နေကြောင်း ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here