တရုတ်တိုက်လေယာဉ် ၈ စင်း ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ဟု ထိုင်ဝမ် ပြော

0
164

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ် တိုက်လေယာဉ် ၈ စင်းနဲ့ မီးပုံပျံတစ်စင်း ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းအား စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၄) မှာ ပြောဆိုပါတယ်။

ထိုင်ဝမ်ကို ၎င်းတို့ပိုင်နယ်မြေတစ်ခုအဖြစ် တရုတ်က သတ်မှတ်ထားပြီး လွန်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ကျွန်းဒေသဝန်းကျင်မှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ထိုင်ဝမ်က အကြိမ်ကြိမ် စောဒက တက်ခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ဇန်နဝါရီ ၁၃ ရက်မှာ သမ္မတနဲ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီး ယင်းအချိန်နီးကပ်လာတာနဲ့အမျှ ကျွန်းဒေသအနီး တရုတ်ရဲ့ စစ်ရေးမစ်ရှင်တွေ တိုးမြင့်နေခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ J-10၊ J-11 နဲ့ J-16 တိုက်လေယာဉ်တွေဟာ ရေလက်ကြား အလယ်ဗဟိုနဲ့ မြောက်ဖက် အမှတ်ကနေ အလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

အလယ်မျဉ်းဟာ ထိုင်ဝမ်နဲ့ တရုတ်အကြား တရားဝင်မဟုတ်သော အပိုင်းအခြားတစ်ခုအဖြစ် တစ်ချိန်က အသုံးပြုခဲ့ပေမယ့် တရုတ် လေယာဉ်တွေကတော့ ယင်းအပေါ်ကနေ ယခုအခါ ပုံမှန်လိုဖြတ်ကျော်ပျံသန်းနေခဲ့ပါတယ်။

တရုတ်တိုက်လေယာဉ်တွေ ဝင်ရောက်လာမှုကြောင့် ထိုင်ဝမ်က ၎င်းရဲ့ တပ်ဖွဲ့တွေကို စေလွှတ်ကာ စောင့်ကြည့်မှုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက် ပြောဆိုပါတယ်။ 

ဒါ့အပြင် ရေလက်ကြားမှာ တရုတ်ရဲ့ မီးပုံပျံတစ်စင်းကိုလည်း တွေ့ရှိခဲ့ပြီး ဒါကတော့ ယခုနှစ်အတွင်း လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် ရာသီဥတုစောင့်ကြည့်ရေးမစ်ရှင်ဖြစ်နိုင်ခြေများတယ်လို့ ဝန်ကြီးဌာနက ဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here