စစ်ကိုင်း အထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်

0
212

စစ်ကိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် ဒီဇင်ဘာ(၂၅)ရက် ခရစ်စမတ်ကာလအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဒီဇင်ဘာ(၂၄)ရက် နံနက်ပိုင်းက ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၆၀) ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကာ နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်သည်။

ယနေ့ ညနေအထိ နေပြည်တော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် ယနေ့ ညနေအထိ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here