ပြည်ပရောက် ယူကရိန်းအမျိုးသားများကို စစ်ထဲဝင်ကြရန် အစိုးရက တောင်းဆိုမည်

0
161

နိုင်ငံရပ်ခြားတွင် နေထိုင်လျှက်ရှိကြသည့် အသက် ၂၅ နှစ်မှ ၆၀ ကြားရှိ ယူကရိန်းအမျိုးသားများကို စစ်မှုထမ်းကြရန်အတွက် တောင်းဆိုတော့မည်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov က ပြောကြားခဲ့သည်။

ထိုသို့တောင်းဆိုခြင်းကို စစ်မှုထမ်းရန်”ဖိတ်ကြားချက်” အဖြစ် သူကဆိုခဲ့သော်လည်း၊ သူ၏ ဖိတ်ကြားချက်ကို မလိုက်နာသူ မည်သူမဆို ဒဏ်ခတ်ခံရမည်ဟုလည်း အကြံပြုထားပုံရသည်။

သမ္မတ ဇလန်းစကီးက ယူကရိန်းတပ်မတော်အတွက် စစ်သားသစ် ၄သိန်းခွဲ မှ ၅သိန်းအထိ လိုအပ်နေကြောင်း အင်္ဂါနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သော်လည်း ၎င်းအရေအတွက်ကို ရရှိရန်မှာ မလွယ်ကူသည့်အပြင် လွန်စွာအကဲဆတ်သည့်ပြဿနာဖြစ်ကြောင်းကိုလည်း သူကပြောကြားခဲ့သည်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် မကြာသေးမီက ရပ်တန့်သွားပုံရပြီးနောက် ယခုတောင်းဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် EU စာရင်းအင်းအေဂျင်စီ Eurostat မှ ယူကရိန်းအမျိုးသားတို့၏ ကိန်းဂဏန်းများကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ အသက် ၁၈ နှစ်မှ ၆၄ နှစ်ကြားရှိ ယူကရိန်းအမျိုးသား ၇၆၈,၀၀၀ ခန့်သည် ရုရှားနှင့် စစ်စတင်ဖြစ်ပွားချိန်မှ အစပြု၍ EU နိုင်ငံအသီးသီးဆီသို့ ထွက်ခွာသွားခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါကိန်းဂဏန်းတွင် EU ပြင်ပ၌ နေထိုင်သော ယူကရိန်းနိုင်ငံသားများ သို့မဟုတ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီကတည်းက နိုင်ငံရပ်ခြားသို့ ရောက်ရှိနေထိုင်နေကြသူများ မပါဝင်သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here