မွေထိုင်းဖိုက်တာမယ်ကို ပထမအချီတွင်ပင် အလဲထိုးနိုင်ခဲ့သည့် ဘရော်နီကာ ချန်ပီယံဆု ဆက်လက် ပိုင်ဆိုင်

0
266

မွေထိုင်းဖိုက်တာမယ်ကို ပထမအချီတွင်ပင် အလဲထိုးနိုင်ခဲ့သည့် ဘရော်နီကာ သည် ယခုနှစ် ထိုင်းဘုရင့်ဖလားကိုလည်း ဒုတိယအကြိမ်မြောက်ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့သည်။

ယနေ့ ဘရော်နီကာနှင့် Phayasingha တို့ယှဉ်ပြိုင်ထိုးသတ်မှုသည် တွဲဆိုင်း (၇) ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး၊ ပထမအချီတွင်ပင် ပြိုင်ဘက်၏ ချက်ကောင်းကို ထိမိစွာနှစ်ကြိမ် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဘုရင့်ဖလားပြိုင်ပွဲ(Fight Queen’s Cup)ဖိုင်နယ် ဗိုလ်လုပွဲ ကို ဘရော်နီကာအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု၍ ထိုးသတ်ခဲ့ခြင်းလည်းဖြစ်သည်။

သူမအနေဖြင့် ယခုနိုင်ပွဲနှင့်ဆိုလျှင် (၂၅) ပွဲနိုင်ထားပြီး (၂)ပွဲသာရှုံးနှိမ့်ထားသူဖြစ်သည် ။

Fight Queen’s Cup ပြိုင်ပွဲကို Thai Fight က ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး Beer Chang၊ ISUZU ကုမ္ပဏီအပါအဝင် ထိုင်းနိုင်ငံအတွင်းအခြေစိုက်ထားသော ကုမ္ပဏီပေါင်း (၈)ခုက ကူညီထောက်ပံ့ပေးထားခြင်းဖြစ်သည်။

သူမသည် 2022 Thai Fight Queen’s Cup ပြိုင်ပွဲတွင် ချန်ပီယံဆုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး၊ ယခုနှစ် အောက် တိုဘာ (၃၀) ရက်က ထိုးသတ်ခဲ့သော ပွဲစဉ်တွင် ယခုထပ်မံ ယှဉ်ပြိုင်ထိုးသတ်မည့် မွေထိုင်းလက်ဝှေ့မယ်ကို သုံးချီ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထား‌သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here