အိန္ဒိယလူမျိုး ခရီးသည် ၃၀၃ ဦးပါသည့် လေယာဉ်ကို ပြင်သစ်တွင် ၃ ရက်ထိန်းသိမ်းပြီးနောက် ထွက်ခွာခွင့်ပြု

0
160

ပြင်သစ်နိုင်ငံ ပါရီမြို့ အရှေ့ဘက် ကီလိုမီတာ ၁၅၀ အကွာ Vatry လေဆိပ်တွင် ပြင်သစ်အာဏာပိုင်များက ထိန်းသိမ်းထားသော ​လေယာဥ်ခရီးသည်များအား ပြင်သစ်တရားသူကြီး လေးဦးက “လူကုန်ကူးမှု” သံသယဖြင့် ကြာသပတေးနေ့ကတည်းက စတင်ကြားနာစစ်ဆေးခဲ့သည်။

ပြင်သစ်တရားသူကြီးများသည် ခရီးသည် ၃၀၀ ကျော်အားကြားနာ​နေမှုကို ပယ်ဖျက်လိုက်ပြီး​နောက် ရိုမေးနီးယားကုမ္ပဏီ Legend လေကြောင်းလိုင်းပိုင် A340 လေယာဉ်ကို ထွက်ခွာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ နီကာရာဂွာနိုင်ငံသို့ ပျံသန်းမည့် လေယာဉ်သည် တနင်္လာနေ့တွင် ပြင်သစ်မှ ပြန်လည်ထွက်ခွင့်ရသွားပြီဖြစ်​ကြောင်း ယ​နေ့တွင် ဒေသတွင်း မီဒီယာများကဖော်ပြထားသည်။

အဆိုပါ လေယာဉ်သည် တနင်္လာနေ့ နံနက်တွင် ပြန်လည်ထွက်ခွာပျံသန်းနိုင်မည်ဟုဆို​သော်လည်း ၄င်း၏ဦးတည်ဆိုက်​ရောက်ရာကို မသိရသေး​ပေ။

၎င်းသည် ခရီးသည်များ သွားမည့် မူလခရီးဆုံးနေရာ နီကာရာဂွါ၊ သို့မဟုတ် ဒူဘိုင်း၊သို့မဟုတ် ခရီးသည်များစတင်ထွက်ခွာလာသည့်အိန္ဒိယသို့ ပျံသန်းနိုင်ကြောင်း ထင်​ကြေး​ပေးကြသည်။

ပြင်သစ်တွင်လူကုန်ကူးမှုသည် ​ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်ဖွယ်ရှိသည်။

Source: The Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here