ဂါဇာတွင် ဝန်ထမ်း ၁၄၂ ဦး ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်

0
101

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုကာလများအတွင်း ၎င်း၏ဝန်ထမ်း ၁၄၂ ဦး ‌ေ-သဆုံးခဲ့ကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့(UNRWA) က သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့ရဲ့အဖွဲ့တွေဟာ လိုအပ်နေတဲ့သူတွေကို ကူညီဖို့ မဖြစ်နိုင်တဲ့ကိစ္စတွေကို လုပ်ဆောင်နေပါတယ်။ ဂါဇာမှာ ‌ေ-သဆုံးခဲ့ရတဲ့ UNRWA လုပ်ဖော်ကိုင်ဖက်တွေဟာ အခုဆိုရင် ၁၄၂ ယောက်အထိရှိလာပြီဖြစ်ပြီး အများစုကတော့ သူတို့ရဲ့ မိသားစုတွေနဲ့အတူ ဆုံးရှုံးလိုက်ရပါတယ်” ဟု ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာအလုပ်အဖွဲ့က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ အခြေစိုက် ဟားမတ်စ် လက်နက်ကိုင်များသည် အစ္စရေး ပိုင်နက်အတွင်း အံ့အားသင့်ဖွယ် ကျုးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ဟားမတ်စ်တို့က ၎င်း၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ဟောင်းရှိ ဘုရားကျောင်းတောင်ပေါ်ရှိ Al-Aqsa ဗလီအပေါ် အစ္စရေးအာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here