ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြောင်းတန်ချိန် ၄၄၀၀၀ ကျော် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာ ၁၀ သန်းကျော်ရရှိ

0
148

ယခုဘဏ္ဍာနှစ် နိုဝင်ဘာလတွင် ပြည်ပသို့ ပြောင်းတန်ချိန် ၄၄ဝဝဝ ကျော် တင်ပို့ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ သန်း ကျော်ရရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပြောင်းသီးနှံကို ပြည်ပဖောက်သည် နိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၇.၆၀၁ သန်းတန်ဖိုးရှိ ပြောင်း ၃၁၃၈၉ တန်၊ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃.၃၉ သန်းတန်ဖိုးရှိ ပြောင်း ၁၂၉၈၈ တန် တင်ပို့ရောင်းချခဲ့ခြင်းဖြစ်သည်။

ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့ရောင်းချရာတွင် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၁၁၇ဝ၊ တရုတ်(တိုင်ပေ) သို့ ပြောင်းတန်ချိန် ၁၉၀ ကျော် နှင့် စင်ကာပူနိုင်ငံသို့ ပြောင်း ၂၉ တန် စုစုပေါင်း ပြောင်း ၃၁၃၈၉ တန် တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၂ဝဝဝ နှင့် ထိုင်းနိုင်ငံသို့ ပြောင်း ၉၈၈ တန် စုစုပေါင်း ပြောင်း ၁၂၉၈၈ တန် တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြောင်းစိုက်ဧက ၁.၂ သန်း ခန့်ထိရှိပြီး တန်ချိန် ၂.၆ သန်းကျော်ထွက်ရှိကာ မြန်မာ့ထွက်ကုန် ပြည်ပတင်ပို့မှုများအနက် ဆန်ပြီးလျှင် ဒုတိယအများဆုံး နိုင်ငံခြားဝင်ငွေရရှိသည့် ကုန်စည်ဖြစ်ကြောင်း သိရသည်။

ပြောင်းသီးနှံကို ထိုင်း နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ တင်ပို့ရောင်းချပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here