တရုတ်ငလျင်ကြောင့် ၁၄၉ ဦး‌ေ-သ ၊ နှစ်ဦးပျောက်နေဟုဆို

0
138
A woman walks past a collapsed house in Dahejia in Jishishan County in northwest China's Gansu province on December 20, 2023. (Photo by Pedro Pardo / AFP)

ပေကျင်း၊ဒီဇင်ဘာ ၂၅

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင် ပြီးခဲ့သည့်တစ်ပတ်ကလှုပ်ခဲ့သောငလျင်ကြောင့် ‌ေ-သဆုံးသူ သည် ၁၄၉ ဦးအထိရှိလာကာ နှစ်ဦးပျောက်ဆုံးနေသေးကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားသည်။

အဆိုပါငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့ပြီး ငလျင်ဗဟိုချက်အနီး၌ အိမ်ခြေနှစ်သိန်းကျော်ပြိုကျပျက်စီးကာ ၁၅,၀၀၀ ခန့် ပျက်စီးလုနီးနီးဖြစ်နေခဲ့ကြောင်းလည်းသိရသည်။ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူလူဦးရေ ၁၄၅,၀၀၀ ကျော်လည်းရှိသည်။

တရုတ်နိုင်ငံ၌ မကြာခဏ ငလျင်လှုပ်လေ့ရှိပြီး လွန်ခဲ့သည့်ဆယ်နှစ်က စီချွမ်၌လှုပ်ခဲ့သည့်ငလျင်ကြောင့် လူပေါင်း ၆,၇၀၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ၁၆၀ ကျော်‌ေ-သဆုံးခဲ့ကြောင်းလည်းသိရသည်။

၂၀၁၀ ပြည့်နှစ်ကလှုပ်ခဲ့သည့် ပြင်းအား ရစ်ခ်တာ စကေး ၇ ရှိ သော ငလျင်ကြောင့် လူပေါင်း ၂,၇၀၀ ကျော်‌ေ-သဆုံးခဲ့သေးသည်။

Source : ရိုက်တာ/အက်စ်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here