နိုဝင်ဘာလအတွင်း ဒေါ်လာ ၂၉ သန်းကျော် တန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၆၆၀၀၀ ကျော် တင်သွင်းခဲ့

0
186

ယခုနှစ် နိုဝင်ဘာလတွင် ပြည်ပမှ အမေရိကန်ဒေါ်လာ ၂၉ သန်းကျော်တန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၆၆၄၁ဝ တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုအခါ ဆောင်းသီးနှံစိုက်ပျိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်နေသည့် ဓာတ်မြေဩဇာများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်လမ်းကြောင်းများကပါ တင်သွင်းလျက်ရှိကြောင်း သိရသည်။

ယင်းသို့တင်သွင်းလျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂၉.၀၀၁ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၆၅၅၁ဝ၊ နယ်စပ်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၀.၁၈၃ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၉ဝဝ တင်သွင်းခဲ့ကြောင်း သိရသည်။

ဓာတ်မြေဩဇာများကို ပင်လယ်ရေကြောင်းမှ တင်သွင်းရာတွင် အိုမန်နိုင်ငံမှ တန်ချိန် ၂၅ဝဝဝ၊ တရုတ် နိုင်ငံမှ တန်ချိန် ၂၄ဝဝဝ၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၄၂ဝဝ၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၃၅ဝဝ၊ ရုရှားနိုင်ငံမှ တန်ချိန် ၂ဝဝဝ၊ ဘယ်လာရုစ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ၊ လာအိုနိုင်ငံမှ တန်ချိန် ၁၅ဝဝ၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၂ဝဝ၊ ဆော်ဒီအာရေဗျ နိုင်ငံမှ တန်ချိန် ၁ဝဝဝ၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁ဝဝဝ၊ ကနေဒါနိုင်ငံမှ တန်ချိန် ၃ဝဝ၊ မလေးရှားနိုင်ငံမှ တန်ချိန် ၂ဝဝ၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၅ဝ၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၃ဝ၊ မက္ကဆီကိုနိုင်ငံမှ တန်ချိန် ၃ဝ တင်သွင်းခဲ့ကြောင် သိရသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တင်သွင်းရာတွင် ထိုင်း နိုင်ငံမှ တန်ချိန် ၈၀၀ နှင့် တရုတ်နိုင်ငံမှ တန်ချိန် ၁၀၀ တင်သွင်းခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here