ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသား၏ မျက်စိကို အခြားလူနာများအတွက် လှူဒါန်းပေးခဲ့

0
208

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး၏ မျက်စိကို အခြားလူနာများ အစားထိုးကုသမှုများလုပ်ဆောင်နိုင်ရန်အတွက် ဆေးရုံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင်တွင် ဒီဇင်ဘာ (၂၄) ရက်က ယာဉ်မတော်တဆမှုဖြင့် ‌ေ-သဆုံးခဲ့သည့် အသက်(၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား မောင်ကောင်းထက်ဝင်း၏ မျက်စိကို ဆေးရုံသို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

” အသေးစိတ်ကိုတော့ ကျွန်တော်တို့လည်း မသိရဘူး။ သတင်းကြားတာတော့ မျက်လုံးကို လှူလိုက်တယ်လို့ ကြားရတာပေါ့နော်။ မျက်ကြည်လွှာတို့ ဘာတို့ အစားထိုးကုသနိုင်အောင်ပေါ့ ။ ဒီသဘောမျိုးပါ။ မွန်မြတ်တဲ့အလှူတစ်ခုပါပဲ” ဟု ထိုင်းရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ လှူဒါန်းမှုအတွက် ထိုင်းနိုင်ငံ၊ စမွတ်စခေါင် ကြက်ခြေနီအသင်း ထိုင်းကြက်ခြေနီမျက်စိဌာနမှ မောင်ကောင်းထက်ဝင်း၏ မိသားစုဝင်များကို ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here