ဆီးရီးယားမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန် ဗိုလ်ချုပ်တစ်ဦး ‌ေ-သဆုံး

0
347

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ပြင်ပနေရာတွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်တစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ် သုံးခုနဲ့ အီရန်နိုင်ငံပိုင် မီဒီယာတို့က ထုတ်ဖော်ပြောဆိုပါတယ်။

အဆိုပါ အကြံပေးအရာရှိကို ဆေယက် ရာဇီ မိုဆာဗီလို့ သိကြပြီး သူဟာ ဆီးရီးယားနဲ့ အီရန်နိုင်ငံတို့အကြား စစ်ရေးမဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် တာဝန်ယူရသူဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဋ္ဌာနကို ပြောဆိုကြပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်သံဋ္ဌာနက ပုံမှန်သတင်းတင်ဆက်မှုကို ရပ်ဆိုင်းပြီး မိုဆာဗီ ‌ေ-သဆုံးသတင်းကို ထုတ်လွှင့်ကြေညာခဲ့ရာမှာ သူဟာ ဆီးရီးယားရှိ အစောင့်တပ်ရဲ့ ဝါအရင့်ဆုံး အကြံပေးအရာရှိတွေထဲက တစ်ဦးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ၂၀၂၀ ခုနှစ်က အီရတ်နိုင်ငံမှာ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ‌ေ-သဆုံးခဲ့တဲ့ အစောင့်တပ်ရဲ့ လက်ရွေးစင် Quds တပ်ဖွဲ့ ခေါင်းဆောင် ကာဆန်ဆိုလိုင်မာနီအဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုဆာဗီကို လုပ်ကြံသ-တ်ဖြ-တ်လိုက်မှုဟာ အစ္စရေးရဲ့ဘက်မှာ အားနည်းချက်ရှိနေတာကို ပြသနေတာဖြစ်တယ်လို့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီက ပြောဆိုခဲ့ပါတယ်။

“ဒီလုပ်ရပ်က ဒေသတွင်းမှာ ဇီယွန်ဝါဒီအစိုးရရဲ့ စိတ်ပျက်အားငယ်မှုနဲ့ အားနည်းမှုရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဒီအတွက် သေချာပေါက် ပြန်ပေးဆပ်ရပါမယ်” လို့ ရိုင်စီက ပြောဆိုကြောင်း အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အစောင့်တပ်ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ မိုဆာဗီကို သ-တ်ဖြ-တ်ခဲ့မှုအတွက် အစ္စရေးအနေနဲ့ ဒုက္ခကြုံရလိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အုပ်စုကလည်း မိုဆာဗီကို သ-တ်ဖြ-တ်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရှုတ်ချခဲ့ပြီး သူဟာ ဒေသတွင်း ခုခံမှုတွေအပြင် ပါလက်စတိုင်းလူထုနဲ့ ၎င်းတို့ရဲ့ အရေးအရာတွေအပေါ် ထောက်ခံပံ့ပိုးရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အစ္စရေးစစ်တပ်ဘက်ကတော့ လတ်တလောမှာ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here