ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးငယ် တစ်ဦး မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဖမ်းဆီးခံရ

0
229

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ် ၊ တလာတ်ကွုန်းဈေးအတွင်းရှိ နေအိမ် (၄) ထပ်မြောက် အခန်းတစ်ခု၌ မူးယစ်ဆေးဝါးရောင်းဝယ်ပြုလုပ်သည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ‌ရောက် မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။

မဟာချိုင် ၊တလာတ်ကွုန်း ဈေးအတွင်းရှိ နေအိမ်အခန်းတွင်းသို့ စမွတ်စခွန်ခရိုင် ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ(၂၅)ရက် နေ့လယ်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ မြန်မာနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရသည့် အသက် (၁၉) နှစ်အရွယ် မြန်မာအမျိုးသမီးအား မူးယစ်ဆေး အလုံးပေါင်း (၁၀၄၀၀)ဖြင့် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မြန်မာအမျိုးသမီးသည် ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်သူဖြစ်ကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့ရသည့်အတွက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူရန် စီစဉ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here