မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အခြေခံ မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်မည်

0
288

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ကြီးမှူး၍ အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဉ် (၂၃၁) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ (၁၉) ရက်အထိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) ၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။

သင်တန်းတွင် အထည်ချုပ်လုပ်ခြင်းဆိုင်ရာတွင် သိသင့်သိထိုက်သည့် ဗဟုသုတများ၊ ချုပ်နည်းအဆင့်ဆင့်များကို လက်တွေ့သင်ကြားမှုများဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အထည်ချုပ်စက်ရုံများနှင့် နယ်ဝေးမှအလုပ်အကိုင်ရှာဖွေနေသူများ၊ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ရန် စိတ်ဝင်စားသူတို့အကြား ချိတ်ဆက်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သင်တန်းပြီးဆုံးပါက အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်ရရှိရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ဖုန်း – ၀၉ ၉၄၀၈ ၅၈၃၅၀၊ ၀၉ ၄၅၀၇၂၃၂၆၂ ၊ ၀၉ ၇၈၄၀၈၅၇၉၄၊ ၀၉ ၉၆၉ ၈၆၅၀၂၄ တို့ထံသို့ ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here