ဂါဇာကမ်းမြှောင်တွင် ဆေးရုံများအား ပစ်ခတ်တိုက်ခိုက်မှုကို WHO အကြီးအကဲ အလွန်အမင်း စိုးရိမ်ဟုဆို

0
298

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများအား ပစ်ခတ်တိုက်ခိုက်မှုများ သည်းမခံနိုင်လောက်သည်အထိ ပြင်းထန်လာခြင်းကြောင့် ယင်းကို WHO အကြီးအကဲက အလွန်အမင်း စိုးရိမ်မိကြောင်း ပြောကြားသည်။

ဂါဇာကမ်းမြှောင်ရှိ Al-Aqsa ဆေးရုံသို့ အလည်အပတ်ရောက်ရှိနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဝန်ထမ်းများသည် ယင်းဆးရုံမှ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ ဆိုးရွားလှသော ဖြစ်ရပ်များကို ကြားသိခဲ့ရကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros၊ Adhanom Ghebreyesus သည် X (ယခင် Twitter) စာမျက်နှာတွင် အစီရင်ခံတင်ပြခဲ့သည်။

WHO မှ ကိုယ်စားလှယ်များသည် တနင်္လာနေ့တွင် Al-Aqsa ဆေးရုံသို့ သွားရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယမန်နေ့ညကပင်လျှင် ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀၀ ခန့် ဆေးရုံသို့ ထပ်မံရောက်ရှိလာကြကြောင်း သိရသည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၇၀ ထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးတာဝန်ရှိသူများက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

“WHO ၏အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းများနှင့် ပေါက်ကွဲမှုများကြောင့် ဒုက္ခရောက်ခဲ့ရသူများက ပြန်လည်ပြောကြားသည့် ဆိုးရွားသောဖြစ်ရပ်များကို ကြားခဲ့ရသည်” ဟု Ghebreyesus က ရေးသားခဲ့သည်။ “ကလေးတစ်ယောက်ဟာ မိသားစုတစ်စုလုံး ဆုံးရှုံးခဲ့ရပါတယ်။ ဆေးရုံက သူနာပြုတစ်ဦးလည်း အလားတူ ဆုံးရှုံးခဲ့ရပြီး မိသားစုတွေအတော်များများလည်း ‌ေ-သဆုံးခဲ့ပါတယ်” ဟု WHO အကြီးအကဲက ရေးသားထားသည်။

အစ္စရေး၏ လေကြောင်းနှင့် မြေပြင်ထိုးစစ်များအတွင်း ပါလက်စတိုင်း ၂၀,၀၀၀ ကျော် ‌ေ-သဆုံးခဲ့ကြောင်း ဂါဇာရှိ ဟားမတ်စ်ထိန်းချုပ်ထားသော ကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရသိရသည်။ ဂါဇာကမ်းမြောင်ဒေသရှိ စုစုပေါင်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်းနီးပါးသည်လည်း စစ်ဘေးရှောင်ဘ၀ဖြင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

ဂါဇာကမ်းမြောင်ဒေသ အခြေစိုက် ဟားမတ်စ် လက်နက်ကိုင်များသည် အစ္စရေး ပိုင်နက်အတွင်း အံ့အားသင့်ဖွယ် ကျုးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ဟားမတ်စ်တို့က ၎င်း၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြိုဟောင်းရှိ ဘုရားကျောင်းတောင်ပေါ်ရှိ Al-Aqsa ဗလီအပေါ် အစ္စရေးအာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်ကို တုံပြန်ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here