PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များအား လိုအပ်သည်များအား ထောက်ပံ့ကူညီ

0
96

PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည့်အသုံးအဆောင်နှင့် စားနပ်ရိက္ခာများကို ယမန်‌နေ့ ဒီဇင်ဘာ (၂၅)ရက်တွင်ထောက်ပံ့ကူညီပေးခဲ့ကြောင်း PNLO/PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

PNLO အခြေပြုဒေသသို့ ခိုလှုံလာသော စစ်ရှောင်အများစုမှာ ပအိုဝ်းနှင့် ကရင်နီ စသည့် လူမျိူးအများဆုံးဖြစ်ပြီး၊ အခြားသော တိုင်းရင်းသားလူမျိုး အနည်းငယ်လည်းပါဝင်ကြောင်း ဆိုသည်။

ယင်းအနက် ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများနှင့် ကလေးငယ်အချို့လည်းပါဝင်နေခြင်းကြောင့် PNLO က ကျန်းမာရေးစောင့်ရှောက်မှုများကို အစဉ်မပြတ် လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

” စားနပ်ရိက္ခာကတော့ လိုအပ်တာမှန်သမျှထောက်ပံ့ပေးနေပါတယ်။ ဒီဘက်မှာရာသီဥတုက အရမ်းအေးလာတော့ ကလေးငယ်တွေ ၊ မိခင်လောင်းတွေ အဖိုးအဘွားနဲ့မသန်စွမ်းတွေကိုတော့ ကျန်းမာရေးအတွက် နေ့စဉ်စောင့်ကြည့်ပြီး လိုအပ်ရင် ဆေးဝါးကုသမှုပေးတာတွေ လုပ်နေပါတယ်။ ဒီရက်ပိုင်း အရမ်းအေးတာကြောင့် အနွေးထည်နဲ့ စောင်အခင်းတွေအဓိက လိုအပ်နေတာပေါ့။ “ဟုဆိုသည်။

ယမန်နေ့က ကိုယ်ဝန်ဆောင်မိခင်များတင်မကဘဲ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာ၊ တစ်ကိုယ်ရည် သုံးပစ္စည်းများကို ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

PNLO ၏ ထောက်ပံ့မှုသည် ကရင်နီပြည်မှ စစ်ရှောင်များကို ၎င်းတို့ ထိန်းချုပ်ဒေအတွင်း လာရောက်ခိုလှုံခွင့်ပြုသည့်အချိန်မှစ၍ ယနေ့အထိ စားနပ်ရိက္ခာထောက်ပံ့ ကူညီမှုများအပြင် နေအိမ်များဆောက်လုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here