ထိုင်းဘုရင့်ဖလား ဒုတိယအကြိမ်ဆက်လက် ယူဆောင်လာသည့်အတွက် ‌ကျေ နပ်လိမ့်မည်မျှော်လင့်ကြောင်း ဘရော်နီကာ ဆို

0
279

ထိုင်းဘုရင့်ဖလား ချန်ပီယံဆုအား ဒုတိယအကြိမ် ဆက်လက် ယူဆောင်လာသည့်အတွက် ‌ကျေနပ်လိမ့်မည်မျှော်လင့်ကြောင်း ဘရော်နီကာ က သူမ၏လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောကြားထားသည်။

“အားလုံး Merry Christmas ပါနော့။
ဒီနှစ်လည်း ခရစ်စမတ်လက်ဆောင်လေး
ထပ်ယူဆောင်လာနိုင်တဲ့အတွက် Veroနဲ့ထပ်တူ အားလုံးကျေနပ်ပျော်ကြမယ်လို့မျှော်လင့်ပါတယ်။ အားပေးတဲ့အယောက်ဆီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်”ဟု ရေးသားမျှဝေထားခြင်းဖြစ်သည်။

ဒီဇင်ဘာ (၂၄)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် Thai Fight Queen’s Cup ဖိုင်နယ် ဗိုလ်လုပွဲတွင် ဘရော်နီကာက ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာမယ်ကို ပထမအချီတွင်ပင် အလဲထိုးအနိုင်ရရှိခဲ့သည်။

အဆိုပါ ထိုင်းဘုရင့်ဖလားပြိုင်ပွဲ (Thai Fight Queen’s Cup) ကို ဘရော်နီကာအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု၍ ထိုးသ-တ်ခဲ့ခြင်းလည်းဖြစ်ပြီး၊ နိုင်ငံ့အလံခြုံကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် Thai Fight Queen’s Cup ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး၊ ယခုနှစ် အောက်တိုဘာ (၃၀) ရက်က ထိုးသ-တ်ခဲ့သော ပွဲစဉ်တွင် ယခုထပ်မံ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မွေထိုင်းလက်ဝှေ့မယ်ကို သုံးချီဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထား‌သေးသည်။

ဘရော်နီကာသည် လာမည့် ၂၀၂၄ခုနှစ် အတွင်း One Championship သို့ သွားရောက်ကစားရန် ဆန္ဒရှိနေပြီး၊ လက်ရှိ Thai Fight ပွဲစဉ်များတွင်နှစ်ပွဲသာ ရှုံးပွဲ ရှိဖူးသော ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်သည်။

ဘရော်နီကာအနေဖြင့် Thai Fight ဖြင့် စာချုပ်သက်တမ်းချုပ်ဆိုထားမှုမှာ တစ်နှစ်ဝန်းကျင်သာ ကျန်ရှိပြီး၊ စာချုပ်သက်တမ်းကုန်ပါက One ဖြင့် လက်တွဲသွားရန်ရှိနေကြောင်းနှင့် One ဘက်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း လက်ဝှေ့အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here