အမရပူရမြို့နယ်တွင် (၁၂) ဘီးကားပေါ်မှ ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
193

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စည်ပင်ကျေးရွာ၊ ၆၁ လမ်း၊ ၁၄၂ လမ်းနှင့် ၁၄၃ လမ်းကြားတွင် ရပ်တန့်ထားသည့် NISSAN အမျိုးအစား (၁၂) ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာမှ ငွေကျပ် ၁၆၆၇.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဒီဇင်ဘာ (၂၄)ရက် နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ရပ်တန့်ထားသည့် NISSAN အမျိုးအစား (၁၂) ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်ပေါ်မှ ဖြိုးဝေယံ(ခ)လွန်ပါး၊ ခမ်းလျှင်းမှုံတို့နှင့်အတူ ဘိန်းဖြူအလေးချိန် ၁.၈၇ ကီလို ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၄၆၇.၅ သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀၀နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖြိုးဝေယံ(ခ)လွန်ပါး(၂၈)နှစ်နှင့် ခမ်းလျှင်းမှုံ(၂၃)နှစ်တို့အား မြစ်ငယ်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here