လူသားများထံကူးစက်နိုင်သော “ဇွန်ဘီသမင် ရောဂါ” ကို ပညာရှင်များသတိပေး

0
242

ပြီးခဲ့သည့်နှစ်ကတည်းကအမေရိက၌ တိရစ္ဆာန်များသည် ရာနှင့်ချီ၍ရောဂါကူးစက်ခံရပြီးနောက် “ဇွန်ဘီသမင်ရောဂါ” သည် လူသားများသို့ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်ဟုသိရသည်။

အဆိုပါရောဂါဖြစ်နေချိန်တွင် တိရစ္ဆာန်များသည် နှာရည်ယိုခြင်း၊ထုံထိုင်းခြင်းနှင့် လဲပြိုကျခြင်းတို့အပါအဝင် တွေဝေမိန်းမောခြင်းလက္ခဏာများဖြစ်ပေါ်စေသည်ဟုလည်းသိရသည်။

အမေရိက၌ အဆိုပါရောဂါတွေ့ရှိမှု စိပ်လာသဖြင့် လူသားများထံကူးစက်နိုင်ခြေအတွက် သတိထားကြရန် ကျွမ်းကျင်သူများကသတိပေးစကားပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် အဆိုပါရောဂါသည် ကိုဗစ်ကဲ့သို့ ကူးစက်မြန်ရောဂါမဟုတ်သည့်အတွက် သက်ဆိုင်ရာအစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီး လူသားများထံကူးစက်လာနိုင်မှုအတွက်ပြင်ဆင်ထားသင့်သည်ဟုသာသတိပေးထားသည်။

ယခုရောဂါသည် လူသားများထံကျိန်းသေပေါက်ကူးစက်နိုင်သည်ဟုမဆိုသာသော်လည်း ဗြိတိန်၌ ဖြစ်ပွားခဲ့သည့် နွားရူးပြန်ရောဂါကဲ့သို့ ရုတ်တရက်ထဖြစ်ခြင်းမျိုးနှင့် မကြုံရစေရန် သတိပေးခြင်းသာဖြစ်သည်ဟုလည်းဆိုသည်။

ယူကေ၌ ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း နွားရူးပြန်ရောဂါပျံ့နှံ့ပြီးနောက် နွားကောင်ရေ ၄ ဒသမ ၄ သန်း သ-တ်ဖြ-တ်ခံခဲ့ရကြောင်းလည်းသိရသည်။

Source : သည်အင်ဒီပန်းဒန့်ထ်


LEAVE A REPLY

Please enter your comment!
Please enter your name here