နူးယော့ခ်၌ ပါလက်စတိုင်းထောက်ခံသောဆန္ဒပြပွဲများကြောင့် ခရစ္စမတ်ပွဲပျက်

0
161

နူးယော့ခ်၊ဒီဇင်ဘာ ၂၆

အမေရိကန်ပြည်ထောင်စု၊နူးယော့ခ်မြို့၌ အစ္စရေး-ဂါဇာစစ်ပွဲကြောင့် ခရစ္စမတ်ပွဲများကိုပါ ဖျက်သိမ်းပစ်ရမည်ဟု ပါလက်စတိုင်းထောက်ခံသည့်ဆန္ဒပြသူများက ချီတက်အော်ဟစ်ခဲ့ကြရာ ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်နေ့တွင် ကျင်းပရန်ရှိသော အထိမ်းအမှတ်ပွဲများကိုဖျက်သိမ်းခဲ့ရကြောင်း သတင်းများကဖော်ပြခဲ့သည်။

ဆန္ဒပြချီတက်လာသော အဆိုပါလူအုပ်ကြီးက “ခရစ္စမတ်ပွဲကိုဖျက်သိမ်းပစ်”၊”ပါလက်စတိုင်းအရေးတော်ပုံ အဓွန့်ရှည်ရမည်”၊”မျိုးသုဥ်းသ-တ်ဖြ-တ်မှုကို ဒို့လက်မခံ” စသည့်ကြွေးကြော်သံများ အော်ဟစ်လာခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့သည်။

၎င်းတို့က နူးယော့ခ်မြို့၏လမ်းများပေါ်သို့ တစ်ဟုန်ထိုး ဝင်ရောက်စီးနင်းမှုများလည်းပြုခဲ့ကြရာ ခရစ္စမတ်နေ့ တိုက်ပွဲသဖွယ်ဖြစ်ခဲ့ရကြောင်းလည်းဆိုကြသည်။

ဆန္ဒပြပွဲများသည် ဒီဇင်ဘာ ၂၅ ရက်၊နေ့ဘက်မှ ညဘက်အထိပါ ဆက်လက်ဖြစ်ပွားခဲ့ရာ ခရစ္စမတ်ညတွင် ဆန္ဒပြသမားများနှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုများဖြစ်ပွားနေခဲ့ကြသည်ကိုတွေ့ကြရသည်ဟုလည်းသိရသည်။နူးယော့ခ်မြို့ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြမှုများကြောင့် ရဲတပ်ဖွဲ့အင်အားစုရုံးမှုကို အဆင့်သုံးအထိ မြှင့်တင်ထားခဲ့ကြောင်းပြောကြားခဲ့သည်။

ဆန္ဒပြသူများအနက်မှ လေးဦးအား ဥပဒေနှင့်မညီချိုးဖောက်ဆောင်ရွက်မှု၊ကျန်တစ်ဦးအားခြိမ်းခြောက်မှုနှင့် အခြားတစ်ဦးအားနံရံများပေါ်တွင် အရုပ်များရေးဆွဲမှုတို့ဖြင့် စုစုပေါင်းခြောက်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းလည်းသိရသည်။

ဆန္ဒပြသမားများ များပြားလွန်း၍ နူးယော့ခ်မြို့ ရဲတပ်ဖွဲ့အနေဖြင့် ဆန္ဒပြသူဦးရေကို အတိအကျပင် မပြောနိုင်ကြောင်းလည်း‌ပြောကြားခဲ့သည်ဟုသိရသည်။

Source : နူးယော့ခ်ပို့စ်ထ်


LEAVE A REPLY

Please enter your comment!
Please enter your name here