သာကေတ ရှုခင်းသာအိမ်ရာဝန်းရှေ့တွင် ယာဉ်တစ်စီးမှ လမ်းဖြတ်ကူးသူ နှစ်ဦးကို ဝင်တိုက်မိရာ ထိခိုက်ဒဏ်ရာရ

0
146

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာအိမ်ရာဝန်းရှေ့တွင် ကားတစ်စီးမှ လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး ရှုခင်းသာအိမ်ရာဝန်းရှေ့တွင် ဒီဇင်ဘာ (၂၆)ရက် ည (၁၀)နာရီကျော် အချိန်ခန့်က လမ်းဖြတ်ကူးသူ နှစ်ဦးကို ယာဉ်တစ်စီးမှ ဝင်တိုက်ထွက်ပြေးသွားကြောင်း ပြည်သူများမှ အကြောင်းကြားချက်အရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နေရာအရောက် ယာဉ်တိုက်မှုကြောင့် အသက် (၅၀)ဝန်းကျင်ခန့် အမျိုးသား တစ်ဦး ဦးခေါင်းနှင့် ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာရနှင့် အသက် (၅၀)ဝန်းကျင်ခန့် အမျိုးသမီး တစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းတို့အား မိတ်ဖက်ပရဟိတအသင်းများ၊ သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပူးပေါင်းကာ မြေပြင်ဆေးကုသမှုပေးပြီး ပေးဆပ်သူတို့ နှလုံးသားပရဟိတအသင်း၊ ရှုခင်းသာလူမှုကူညီရေးပရဟိတအသင်း လူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here