ပြည်မြို့ နဝဒေးလမ်းရှိ ဓါတ်ဆီဆိုင်အနီးတွင် ဆိုင်ကယ်နှစ်စီး တိုက်မိရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

0
164

ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့၊ နဝဒေးလမ်း PT Power ဓါတ်ဆီဆိုင်အနီးတွင် ဆိုင်ကယ်နှစ်စီး တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ဒီဇင်ဘာ (၂၆)ရက်၊ ည (၉) နာရီခွဲအချိန်ခန့်က ဆိုင်ကယ်နှစ်စီးတိုက်မိရာမှ ဒဏ်ရာရလူနာရှိနေသဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ အရေးပေါ် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နှစ်စီး တိုက်မှုဖြစ်ပွားရာက ဒဏ်ရာရလူနာရှိနေလို့ အရေးပေါ် လာရောက် ကူညီပေးဖို့ ဆက်သွယ်အကြောင်းကြားချက်အရ အချိန်နဲ့ တပြေးညီ သွားရောက်ကူညီခဲ့ပါတယ်။ မြေပြင်ကုသမှုပေးပြီး ဆေးကုသနိုင်ဖို့ ပြည်ဆေးရုံကြီး ပို့ဆောင်ကူညီပေးခဲ့ပါတယ်။”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)က ဆိုသည်။

အခင်းဖြစ်နေရာတွင် ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသား တစ်ဦး၌ မျက်နှာပေါက်ပြဲ ၊ ပါးပြ-တ်ရှ သွေးထွက်ဒဏ်ရာများရရှိခဲ့သဖြင့် ပရဟိတရွှေတောင် နာ/ကူ အသင်းနှင့် ပူးပေါင်းကာ လိုအပ်သည့် မြေပြင်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရ အမျိုးသားလူနာအား ဆေးကုသမှု ခံယူရန်အတွက် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပါရမီ (၃) အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here