၂၀၂၃ ခုနှစ်အတွင်း သွင်းဂိုးအများဆုံးကစားသမားဖြစ်ဖို့ နီးစပ်လာတဲ့ စီရော်နယ်လ်ဒို

0
292

စံချိန်များရှင် စီရော်နယ်လ်ဒိုကတော့ (၂၀၂၃) ခုနှစ်အတွင်း သွင်းဂိုးအများဆုံးကစားသမားဖြစ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

စီရော်နယ်လ်ဒိုကတော့ အသက် (၃၈) နှစ်အရွယ်ထိ ရှိနေပြီဆိုပေမယ့် အယ်လ်နာဆာအသင်းရဲ့
တိုက်စစ်မှာ ခြေစွမ်းကောင်းတွေ ပြသနေဆဲပဲဖြစ်ပါတယ်။

လက်ရှိ (၂၀၂၃) ခုနှစ်ရဲ့ သွင်းဂိုးအများဆုံးကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ အမ်ဘာပေတို့ဟာ (၅၂) ဂိုးစီနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုကတော့ မနေ့ညကပွဲမှာ (၂) ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စုစုပေါင်း သွင်းဂိုး (၅၃) ဂိုးအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဟယ်ရီကိန်းနဲ့ အမ်ဘာပေတို့ဟာ ဆောင်းရာသီအားလပ်ရက်တွေကြောင့် (၂၀၂၃) ခုနှစ်မှာ သွင်းဂိုး ထပ်မံရရှိတော့မှာမဟုတ်ဘဲ စီရော်နယ်လ်ဒိုကတော့ ၅၃ ဂိုးသွင်းပြီးချိန်မှာ လက်ကျန် (၁) ပွဲ ကစားဖို့ရှိနေသေးသလို ဂိုး (၅၀) သွင်းထားတဲ့ မန်စီးတီးတိုက်စစ်မှုး ဟာလန်းကတော့ လက်ကျန် (၂) ပွဲကစားဖို့ ကျန်နေပါသေးတယ်။

ဒါပေမယ့် ဟာလန်းရဲ့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးအရေအတွက်ကို ပြန်ကျော်တက်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here