သာကေတမြို့နယ် အောင်ချမ်းသာလမ်းထိပ်တွင် အငှားယာဉ်တစ်စီးမှ အမျိုးသမီးတစ်ဦးအား ဝင်တိုက်မိပြီး ခြေထောက်ကျိုးသွား

0
211

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အောင်ချမ်းသာလမ်းထိပ်တွင် အငှားယာဉ်တစ်စီးမှ အမျိုးသမီးတစ်ဦးအား ဝင်တိုက်မိရာမှ အတိုက်ခံရသည့်အမျိုးသမီးမှာ ခြေထောက်ကျိုးသွားသည်အထိ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။ 

သာကေတမြို့နယ်၊ (၇) ဈေးလမ်းမကြီး၊ အောင်ချမ်းသာလမ်းထိပ်တွင် ဒီဇင်ဘာ (၂၆)ရက် ည (၇)နာရီ (၁၀)မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ ပြည်သူများ၏ အကြောင်းကြားအချက်အရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နေရာသို့ အရောက်တွင် အသက် (၇၀)ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးမှာ ယာဉ်တိုက်ခံရမှုကြောင့် ခြေထောက်ကျိုး ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် မြေပြင်ဆေးကုသမှုပေးကာ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here