မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲချက်တွေရှိနေတဲ့ သရုပ်ဆောင် လီဆန်ဂျွန်းကို ‌ေ-သဆုံးလျက် တွေ့ရှိ

0
748

အော်စကာဆုရ Parasite ဇာတ်ကားရဲ့ တောင်ကိုရီးယား သရုပ်ဆောင် လီဆန်ဂျွန်းကို ‌ေ-သဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ယွန်ဟပ် သတင်းဌာနက ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၂၇) မှာ ဖော်ပြပါတယ်။

တောင်ကိုရီးယားအစိုးရက တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေ လုပ်ဆောင်နေစဉ်အတွင်း လီ(၄၈ နှစ်) ဟာ မူးယစ်ဆေးဝါးသုံးစွဲမှု စွပ်စွဲချက်တွေနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု ခံနေခဲ့ရတာဖြစ်ပါတယ်။

လီကို ဆိုးလ်မြို့ရှိ ပန်းခြံတစ်ခုက ကားအတွင်း သတိမေ့မြောလျက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လီ အိမ်ကထွက်သွားကြောင်းနဲ့ ကိုယ့်ကိုကိုယ် ‌ေ-သကြောင်းကြံမယ်လို့ယူဆရတဲ့ စာတစ်စောင် သူမ တွေ့ရှိခဲ့ကြောင်း ဇနီးဖြစ်သူက ရဲကို အကြောင်းကြားခဲ့တယ်လို့ ယွန်ဟပ်က ဖော်ပြပါတယ်။

ယခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖုန်းဆက်သွယ်မေးမြန်းချက်ကို ဆိုးလ်မြို့ Jongno ရဲစခန်းက လတ်တလောမှာ တုန့်ပြန်ဖြေကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းထားပြီး ပုံမှန်အားဖြင့် မူးယစ်ဆေးသုံးစွဲသူတွေကို ထောင်ဒဏ် ၆ လ သို့မဟုတ် ထပ်မံကျူးလွန်သူတွေနဲ့ အရောင်းအဝယ်လုပ်သူတွေကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။

လီဟာ သီတင်းပတ်ကုန်ပိုင်းက ၁၉ နာရီကြာ စစ်ဆေးခံခဲ့ရမှု အပါအဝင် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှု သုံးကြိမ်တိုင် ခံခဲ့ရပြီးဖြစ်ပါတယ်။ လီကတော့ ဘားမယ်တစ်ဦးက သူ့ကို မူးယစ်ဆေးတွေ သုံးစွဲမိအောင် လိမ်လည်လှည့်ဖျားခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း ယွန်ဟပ်က ဆိုပါတယ်။

၁၉၇၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ လီဟာ Parasite ဇာတ်ကားမှာ ချမ်းသာတဲ့ မိသားစုတစ်ခုရဲ့ ဖခင်နေရာက သရုပ်ဆောင်ခဲ့သလို ၂၀၁၂ ခုနှစ်ထွက် သဲထိတ်ရင်ဖိုဇာတ်ကား Helpless ၊ ၂၀၁၄ ခုနှစ်ထွက် All About My Wife ဇာတ်ကားအပြင် အခြား တောင်ကိုရီးယား ရုပ်ရှင်ဇာတ်ကားတွေမှာ ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here