သံဖြူဇရပ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူ တစ်ဦးအား ဓါ-းဖြင့် အချက်ပေါင်းများစွာ ထို-းသ-တ်ကာ ဆိုင်ကယ်လုပြေးမှု ဖြစ်ပွား

0
187

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ဆိုင်ကယ်ကယ်ရီမောင်းသူ တစ်ဦးအား ဓ-ားဖြင့် အချက်ပေါင်းများစွာထို-းသ-တ်ကာ ဆိုင်ကယ် လုပြေးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဓ-ားဒဏ်ရာအချက်ပေါင်းများစွာဖြင့် ‌ေ-သဆုံးနေသောအမျိုးသားအလေ-ာင်းကို သံဖြူဇရပ်မြို့၊ ဖောင်စိန်ဂိတ်အနီးရှိ လမ်းကြားတွင် ယနေ့ ဒီဇင်ဘာ (၂၇)ရက် နံနက် (၁၀)နာရီခွဲအချိန်က တွေ့ရှိခဲ့သဖြင့် အနီးပတ်ဝန်းကျင်မှ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

‌ေ-သဆုံးသူမှာ သံဖြူဇရပ်မြို့ရှိ မင်းသီဟဆိုင်ကယ်ကယ်ရီဂိတ်မှ ဆိုင်ကယ်ကယ်ရီမောင်းသည့် ကျောအမှတ် (၁၀၂) ဝတ်ဆင်ထားသူဖြစ်ပြီး ဆိုင်ကယ်လုယက်ကာ သ-တ်ဖြ-တ်ခံရခြင်းကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်ပြီး ရုပ်အလေ-ာင်းအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ မုဒုံမြို့နယ် ကမာဝက်တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here