ကဒူးလူမျိုးတို့၏ သမိုင်းကြောင်းကို ပြသနိုင်မည့် ပြတိုက် ဖွင့်လှစ်ရန် စီစဉ်နေ

0
260

ကဒူးလူမျိုးတို့၏ သမိုင်းကြောင်းကို ပြသနိုင်မည့် ပြတိုက်တစ်ခုကို တည်ထောင်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း ကဒူးစာပေ ပေါ်ပေါက်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးသန်းနိုင်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ဗန်းမောက်မြို့နယ်၌ ကဒူးရိုးရာယဉ်ကျေးမှု ပြတိုက်ကို တည်ဆောက်ပြီး ကဒူးတိုင်းရင်းသားတို့၏ ပစ္စည်းများကို စုဆောင်းကာ နောင်တွင် သမိုင်းကြောင်းကိုပါ ပြသနိုင်မည့် ပြတိုက်အဆင့်အထိ တည်ဆောက်ပြသနိုင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ပုံငွေ ရှိရင်ရှိသလို အကြီးကြီး ဆောက်ဖို့ရှိတယ်။ အခုကတော့ လက်ရှိ ဆောက်ထားတဲ့ဟာက ကြီးကြီးမားမား မဟုတ်သေးဘူး။ လက်ရှိ သုံးနေတဲ့ အခြေအနေကို ပြသမှာပဲရှိတာ။ နောက်ပိုင်း ကျွန်တော်တို့ ရည်မှန်းထားတာက နေရာကျယ်ကျယ်ဝန်းဝန်းရတယ်ဆိုရင် ပြတိုက်အကြီးကြီးဆောက်ပြီးတော့ ရှေးခေတ်ကရှေးဟောင်း ပစ္စည်းတွေကအစခင်းကျင်းပြသဖို့ လုပ်မှာပါ။ ဒါပေမဲ့ အဲဒါက အဆောက်အအုံတောင်မဆောက်ရသေးပါဘူး”ဟု ကိုသန်းနိုင်ကပြောသည်။

လက်ရှိအဆောက်အုံမှာ အဆောက်အအုံငယ်သာ ဖြစ်ပြီး ကဒူးကနန်းဒေသတွင် အသုံးပြုနေသော အသုံးအဆောင်ပစ္စည်းများကို ပြသမည်ဖြစ်သော်လည်း ကဒူးရိုးရာယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်မည့်ရက်ကို မပြောနိုင်သေးကြောင်းလည်း ၎င်းက ပြောသည်။

“လက်ရှိကဒူးရိုးရာယဉ်ကျေးမှု ပြတိုက်အတွက် ပစ္စည်းတွေ စုတာက ဘယ်လောက်ရာခိုင်နှုန်း ပြီးတယ်လို့ အတိအကျတော့ မသိပါဘူး။ ကဒူးဒေသမှာ အသုံးပြုနေတဲ့ဟာတွေကို ပြသဖို့ လုပ်နေတာပါ။ လောလောဆယ် မြေပြင်မှာ ဆင်းလို့ မရသေးတာမို့လို့ ခဏစောင့်နေတာပါ။ ဆိုင်းငံ့ထားတဲ့ အခြေအနေပါ” ဟု ကိုသန်းနိုင်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here